အဇ္ဈတ္တသန္တာန်

by | Jun 9, 2022 | | 0 comments

သက်ရှိသတ္တဝါတို့၏ ရုပ်ခန္ဓာအစဉ်ကို “အဇ္ဈတ္တသန္တာန်”ဟု ခေါ်သည်။

အဝိဇ္ဇာ ၁

သိသင့်သိထိုက်သော အရာဌာနကို မသိတတ်သော, မသိအောင် ဖုံးလွှမ်းပိတ်ကာ ထားတတ်သော တရားသည် "အဝိဇ္ဇာ" မည်၏၊ ထို အဝိဇ္ဇာမည်သော မောဟသည် သစ္စာ ၄-ပါးကိုလည်း မသိအောင် ဖုံးလွှမ်းတတ်သည်၊ အတိတ်က ဖြစ်ခဲ့သော ခန္ဓာ, အာယတန, ဓာတ်အဖို့အစု၊ အနာဂတ်၌ဖြစ်မည့် ခန္ဓာ, အာယတန, ဓာတ်အဖို့ အစု၊ အတိတ်က...

အဟိရိက

ဒုစရိုက် ပြုရန် မရှက်ခြင်းသဘော၊ မစက်ဆုပ်ခြင်းသဘော။

အနုလုံ ၁

အနုလုံ-ဟူသည် ဈာန်အား လျော်သော စိတ် ဖြစ်သည်၊ ရှေးရှေးပရိကံနှင့် နောက်က အပ္ပနာအား လျော်စွာဖြစ်တတ်သောကြောင့် အနုလုံဟု ခေါ်သည်။ ရှေးရှေးပရိကံဟူသည်လည်း ယခု အပ္ပနာဝီထိတွင်းက ပရိကံကိုသာ ဆိုလိုသည်မဟုတ်၊ အပ္ပနာဝီထိမရောက်မီ ရှေးရှေးဝီထိများမှ အပ္ပနာဖြစ်အောင် စီမံပေးကြသော...