ဟဒယဝတ္ထုသည် “ဟဒယရုပ်”မည်၏၊ သားမြတ်နှစ်ခုအလယ် နှလုံးအိမ်အတွင်း၌ ပုန်းညက်စေ့ခန့် ကျယ်သော တွင်းငယ်ရှိ၏၊ ထိုတွင်းငယ်အတွင်း သွေးများစွာ ရှိ၏၊ ထိုသွေးများကို ပြန့်နှံ့လျက် ဟဒယဝတ္ထုရုပ်ပေါင်း များစွာ ရှိ၏။ ဆိုင်ရာ စိတ် စေတသိက်များ၏ မှီရာဖြစ်သောကြောင့် ဝတ္ထုရုပ်-ဟုလည်း ခေါ်သည်။ ဤရုပ်ကို အမှီပြု၍ ကောင်းကျိုးဆိုးကျိုးကို ပြည့်စုံစေနိုင်သောကြောင့် ဟဒယရုပ်ဟုလည်း ခေါ်သည်။
ဟေတုပစ္စယော
အရင်းအမြစ်အဖြစ်ဖြင့် ကျေးဇူးပြုတတ်သော တရား။ (ဟေတု= အရင်းအမြစ်၊ ပစ္စည်း= ပစ္စယ= ကျေးဇူးပြုတတ်သော...