အသတ်ခံထားအပ်သည့်ပြင် အစိတ်စိတ်အမြွာမြွာ ဖြစ်အောင် ခုတ်ဖြတ်လျက် ထိုထိုအရပ်သို့ စွန့်ပစ်ထားသော စက်ဆုပ်ဖွယ် သူသေကောင်ကို “အသတ်ခံထားအပ်သည့်ပြင် ထိုထိုအရပ်သို့ စွန့်ပစ်ထားသော စက်ဆုပ်ဖွယ် သူသေကောင်၊ အသတ်ခံထားအပ်သည့်ပြင် ထိုထိုအရပ်သို့ စွန့်ပစ်ထားသော စက်ဆုပ်ဖွယ် သူသေကောင်”ဟု အဖန်ဖန် ရှုမှတ် ပွားများသော ဘာဝနာသည် ဟတဝိက္ခိတ္တကအသုဘကမ္မဋ္ဌာန်း မည်၏။
ဟသိတုပ္ပါဒ်
ဟသိတုပ္ပါဒ်-ဟူသော ပုဒ်သည် ဟသိတ+ဥပ္ပါဒ-ဟူသော ပုဒ်တို့မှ ဆင်းသက်လာသော ပုဒ် ဖြစ်သည်။ ဟသိတ= ရယ်ရွှင်ခြင်းကို၊ ဥပ္ပါဒ= ဖြစ်စေတတ်သော-ဟု...