သောတာပန်

by | Jun 9, 2022 | | 0 comments

သောတ= ရေအယဉ်နှင့်တူသော မဂ္ဂင် ၈ ပါး အပေါင်းသို့ + အာပန္န= ဦးစွာ ပထမ ရောက်သူ-ဟု အဓိပ္ပါယ်ရသည်။ သောတသဒ္ဒါသည် ရေအယဉ်ကို ဟော၏၊ ရေအယဉ်နှင့်တူသော မဂ္ဂင် ၈ ပါး အပေါင်းကို ဦးစွာ ရသူ၊ ရောက်သူသည် သောတာပန် မည်၏။

သောမနဿိန္ဒြေ ၁

ဝမ်းမြောက်ခြင်း၊ စိတ်ချမ်းသာခြင်းကိစ္စ၌ လွှမ်းမိုးထားသော သဘောတရား။

သကဒါဂါမိဖလဋ္ဌာန်ပုဂ္ဂိုလ်

သကဒါဂါမိမဂ္ဂါနန္တရဖိုလ်မှ အနာဂါမိမဂ်၏ရှေး ဝေါဒါန်တိုင်အောင် ဖြစ်ထိုက်သမျှသော ရုပ်, နာမ်ဓမ္မတို့၏ ခဏတ္တယသမင်္ဂီပုဂ္ဂိုလ်ကို "သကဒါဂါမိဖလဋ္ဌာန်ပုဂ္ဂိုလ်" ဟု...

သောတာယတန ၁

စိတ်, စေတသိက်တို့ ဖြစ်ခြင်း၏ အကြောင်းဖြစ်သော နား။