သောတာပတ္တိမဂ်

by | Jun 9, 2022 | | 0 comments

သောတာပတ္တိမဂ်-ဟူသော ဝေါဟာရသည် သောတ+အာပတ္တိ+မဂ္ဂ-ပုဒ်တို့မှ ဆင်းသက်လာသော ဝေါဟာရ ဖြစ်သည်။ သောတ= ရေအယဉ်နှင့်တူသော မဂ္ဂင် ၈ ပါး အပေါင်းသို့၊ အာပတ္တိ= ဦးစွာ ပထမ ရောက်ကြောင်းဖြစ်သော၊ မဂ္ဂ= မဂ်-ဟု အဓိပ္ပါယ်ရသည်။ ဤ၌ သောတသဒ္ဒါသည် ရေအယဉ်ကို ဟော၏၊ သမ္မာဒိဋ္ဌိ-စသော မဂ္ဂင်ရှစ်ပါးအပေါင်းသည် နိဗ္ဗာန်ဟူသော သမုဒ္ဒရာသို့ စီးသွားတတ်သောကြောင့် ရေအယဉ်နှင့် တူသည့်အတွက် သောတ-ဟူသော အမည်ရကြသည်။ ရေအယဉ်နှင့်တူသော မဂ္ဂင် ၈ ပါး အပေါင်းသို့ ဦးစွာ ပထမ ရောက်ကြောင်းဖြစ်သော မဂ်သည် သောတာပတ္တိမဂ် မည်၏။

သံသေဒဇသတ္တဝါ

သံသေဒဇသတ္တဝါ-ဟူသည် ငြိကပ်တွယ်တာရာအရပ်၌ ဖြစ်သော သတ္တဝါ၊ ပဒုမ္မာကြာ ပန်း၌ ပဋိသန္ဓေတည်နေသော ပဒုမဝတီမိဖုရား၊ ဝါးပင်၌ ပဋိသန္ဓေတည်နေသော ဝေဠုဝတီမိဖုရား၊ ရေပုပ်, ငါးပုပ် စသည်၌ ပဋိသန္ဓေ တည်နေသော ပိုးလောက်-စသော သတ္တဝါမျိုး...

သန္တီရဏစိတ်

သန္တီရဏစိတ်-ဟူသော ပုဒ်သည် သန္တီရဏ+စိတ္တဟူသော ပုဒ်တို့မှ ဆင်းသက်လာသော ပုဒ် ဖြစ်သည်။ သန္တီရဏ= (အာရုံကို) စူးစမ်းဆင်ခြင်တတ်သော၊ စိတ္တ= စိတ်-ဟု...

သြဃ

ရေအလျဉ်နှင့် တူသော တရား။ (သြဃသဒ္ဒါ၏ ဟောရင်းအနက်မှာ အဟုန်ပြင်းထန်သော ရေအလျဉ် ဖြစ်သည်၊ ဤအရာ၌ကား ထိုရေအလျဉ်နှင့် တူသောကြောင့် လောဘ, ဒိဋ္ဌိ, မောဟကို "သြဃ"ဟု ခေါ်သည်၊ ရေအလျဉ်သည် သတ္တဝါတို့ကို လွှမ်းဖိနှစ်မြှုပ်၍ သတ်တတ်သည်၊ ထို့အတူ လောဘ, ဒိဋ္ဌိ, မောဟတို့သည်လည်း မိမိကိန်းရာ...

သမ္မာဝါစာ ၂

"မဟာကုသိုလ်စိတ် ၈-ခု, လောကုတ္တရာစိတ် ၈-ခု"အားဖြင့် စိတ် ၁၆-ခု၌ရှိသော သမ္မာဝါစာ စေတသိက်။