သမာဓိသမ္ဗောဇ္ဈင်၂

by | Jun 9, 2022 | | 0 comments

မဟာကုသိုလ်, မဟာကြိယာ, အပ္ပနာဇောတို့၌ရှိသော ဧကဂ္ဂတာစေတသိက်။

သမ္မာဝါစာ ၂

"မဟာကုသိုလ်စိတ် ၈-ခု, လောကုတ္တရာစိတ် ၈-ခု"အားဖြင့် စိတ် ၁၆-ခု၌ရှိသော သမ္မာဝါစာ စေတသိက်။

သန္တိကေရုပ် ၁၂ ပါး

ပသာဒရုပ် ၅-ပါး၊ ဝိသယရုပ် ၇-ပါး၊ ပေါင်း ၁၂-ပါး။ (ထိုအရေအတွက်များကို ဆိုင်ရာ ခေါင်းစဉ်၌ ရှုပါ။)

သမ္မာကမ္မန္တ ၂

"မဟာကုသိုလ်စိတ် ၈-ခု, လောကုတ္တရာစိတ် ၈-ခု"အားဖြင့် စိတ် ၁၆-ခု၌ရှိသော သမ္မာကမ္မန္တ စေတသိက်။

သောတဝိညာဏ် ဒွေး ၁

ဒွေးဟူသည် နှစ်(၂) ဟု အဓိပ္ပါယ်ရသည်။ ထို့ကြောင့် သောဝိညာဏ် ဒွေးဟူသည် သောတဝိညာဏ် ၂ ပါး-ဟု ဆိုလိုသည်။