တစ်ဘဝအတွက် ရထိုက်သမျှရုပ်များ ပြည့်စုံသည်ကစ၍ အစဉ်မပြတ် ထပ်ကာထပ်ကာ ဖြစ်ခြင်း၊ ဥပါဒ်ခြင်းသည် သန္တတိ မည်၏။ (သံ= ဆက်စပ်၍၊ ဝါ- ထပ်၍+တတိ= ကျယ်ပွားခြင်း၊ ဖြစ်ခြင်း။)
သီလဗ္ဗတပရာမာသသံယောဇဉ် ၁
"နွား, ခွေး-စသည်တို့၏ အကျင့်ကို မှားယွင်းစွာ သုံးသပ်စွဲလမ်းတတ်သော သီလဗ္ဗတပရာမာသဒိဋ္ဌိသည် မိမိကိန်းရာ သတ္တဝါတို့ကို ထိုထိုဘဝမှ မလွတ်ရအောင် ချည်နှောင်တတ်သောကြောင့် သီလဗ္ဗတပရာမာသသံယောဇဉ်...