သနိဒဿနရုပ်

by | Jun 9, 2022 | | 0 comments

မျက်စိဖြင့်(စက္ခုဝိညာဏ်ဖြင့်) မြင်ကောင်းသော ရုပ်ကို “သနိဒဿနရုပ်”ဟု ခေါ်သည်။

သဒ္ဒနဝကကလာပ်

အဝိနိဗ္ဘောဂရုပ် ၈ ပါးကို သဒ္ဒရုပ်နှင့် ပေါင်းစည်းသော် သဒ္ဒနဝကကလာပ်-ဟု ခေါ်သည်။

သဠာယတန ၂

ပသာဒရုပ်များဖြစ်သော စက္ခာယတနစသော ငါးပါး၊ လောကီဝိပါက် ၃၂ပါးဟူသော မနာယတနအားဖြင့် အာယတန ၆ ပါး။

သဒ္ဒပညတ်

အထူးအပြားအားဖြင့် သိစေတတ်သော အသံ သဒ္ဒါအသုံးအနှုန်းသည် သဒ္ဒပညတ်မည်၏။