သကဒါဂါမိမဂ်

by | Jun 9, 2022 | | 0 comments

သကဒါဂါမိမဂ်-ဟူသော ဝေါဟာရသည် သကိံ+အာဂါမီ+မဂ္ဂ-ဟူသော ပုဒ်တို့မှ ဆင်းသက်လာသော ဝေါဟာရ ဖြစ်သည်။ သကိံ= တစ်ကြိမ်တည်းသာ၊ အာဂါမီ= (ကာမဘုံသို့) ပြန်လာကြောင်း ဖြစ်သော၊ မဂ္ဂ= မဂ်-ဟု အဓိပ္ပါယ်ရသည်။ ဤမဂ်ကို ရပြီးသူသည် ဤကာမဘုံသို့ တစ်ကြိမ်တည်းသာ ပြန်လာရတော့သည်၊ ဒုတိယအကြိမ်မှ စ၍ ဗြဟ္မာ့ဘုံ၌သာ ဆက်ကာဆက်ကာ ဖြစ်ကာ ကာမဘုံသို့ ပြန်မလာတော့ဘဲ ပရိနိဗ္ဗာန် စံရတော့သည်။ သို့ဖြစ်၍ ဤမဂ်သည် ကာမဘုံသို့ တစ်ကြိမ်တည်းသာ ပြန်လာရခြင်း၏ အကြောင်း (အကြိမ်များစွာ မလာရတော့ခြင်း၏ အကြောင်း) ဖြစ်၏၊ ထို့ကြောင့် ဤမဂ်ကို သကဒါဂါမိမဂ်-ဟု ခေါ်သည်။

သဟဇာတရုပ် ၂

ပဝတ္တိအခါ စိတ္တဇရုပ်၊ ပဋိသန္ဓေအခါ ကမ္မဇရုပ်။

သီလဝိသုဒ္ဓိ

ပါတိမောက္ခသံဝရသီလစသော သံဝရသီလလေးပါး(စတုပါရိသုဒ္ဓိသီလ)တို့ အထူးသဖြင့် လုံခြုံ ပြည့်စုံ...

သောတဒွါရဃာနဒွါရ

နားအကြည်ဓာတ်သည် "သောတဒွါရ" မည်၏။နှာခေါင်း အကြည်ဓာတ်သည် "ဃာနဒွါရ"မည်၏။