သကဒါဂါမိမဂ်၏ ခဏတ္တယသမင်္ဂီ အခိုက်အတန့်၌ ဖြစ်သော ပုဂ္ဂိုလ်ကို “သကဒါဂါမိမဂ္ဂဋ္ဌာန်ပုဂ္ဂိုလ်” ဟု ခေါ်သည်။ သကဒါဂါမိမဂ်၏ ခဏတ္တယသမင်္ဂီအခိုက်အတန့်ဟူသည် သကဒါဂါမိမဂ်-ဟူသော ဇောစိတ် ဖြစ်ပေါ်သည့် ဥပါဒ် ဌီ ဘင်ဟူသော ခဏသုံးပါးရှိသော ကာလကို ဆိုလိုသည်။
သမ္ပဋိစ္ဆိုင်းဒွေး ၁
ဒွေးဟူသည် နှစ်(၂) ဟု အဓိပ္ပါယ်ရသည်။ ထို့ကြောင့် သမ္ပဋိစ္ဆိုင်းဒွေးဟူသည် သမ္ပဋိစ္ဆိုင်း၂ ပါး-ဟု...