ဝိမောက္ခအမည်ရသော မဂ်, ဖိုလ်ကို ဝင်ရောက်ဖို့ရာ တံခါးဂိတ်ဝအလား အဝင်ဝဖြစ်သော ဝိပဿနာတရားသည် “ဝိမောက္ခမုခ” မည်၏၊ ဤ၌ “မုခ”သဒ္ဒါသည် “အဝင်ဝ”ဟူသော အနက်ကို ဟောသည်။
ဝီမံသိဒ္ဓိပါဒ် ၁
ဈာန်, မဂ်, ဖိုလ်တည်းဟူသော အကျိုးတို့၏ အခြေခံအကြောင်းတရား ကုသိုလ်စိတ်၌ ယှဉ်ခိုက် ပညာသည် ဝီမံသိဒ္ဓိပါဒ်...