ဝိစိကိစ္ဆာသံယောဇဉ် ၁

by | Jun 9, 2022 | ဝ | 0 comments

ယုံမှားသံသယဒွိဟသဘောရှိသော ဝိစိကိစ္ဆာသည် မိမိကိန်းရာ သတ္တဝါတို့ကို ထိုထိုဘဝမှ မလွတ်ရအောင် ချည်နှောင်တတ်သောကြောင့် ဝိစိကိစ္ဆာသံယောဇဉ် မည်၏။

ဝေဒနာနုပဿနာသတိပဋ္ဌာန် ၁

ဒုက္ခဒုက္ခ၊ ဝိပရိဏာမဒုက္ခ၊ သင်္ခါရဒုက္ခဖြစ်သော ဝေဒနာတို့ကို အောက်မေ့ခြင်းသည် ဝေဒနာနုပဿနာ မည်၏။

ဝတ္ထုရုပ် ၆ ပါး

ပသာဒရုပ် ၅-ပါး၊ ဟဒယရုပ် ၁-ပါး။ (ပသာဒရုပ် ၅-ပါး-စသည်ကို ဆိုင်ရာ ခေါင်းစဉ်၌ ရှုပါ။

ဝိပုဗ္ဗကအသုဘကမ္မဋ္ဌာန်း

ပြည်တစိုစို ယိုထွက်နေသောသူသေကောင်ကို "ပြည်တစိုစို ယိုထွက်နေသော သူသေကောင်၊ ပြည်တစိုစို ယိုထွက်နေသော သူသေကောင်"ဟု အဖန်ဖန် ရှုမှတ် ပွားများသော ဘာဝနာသည် ဝိပုဗ္ဗကအသုဘကမ္မဋ္ဌာန်း...

ဝဋ်မြစ်

ဝဋ်တရား၏ အရင်းခံအကြောင်းတရားကို ဝဋ်မြစ်-ဟု ခေါ်သည်၊ မူလ-ဟုလည်း ခေါ်သည်။