လက္ခဏရုပ်

by | Jun 9, 2022 | | 0 comments

နိပ္ဖန္နရုပ်တို့၏ အမှတ်အသားဖြစ်သော ရုပ်။ (နိပ္ဖန္နရုပ်များသည် ဆိုင်ရာအကြောင်းတရားတို့က စီမံလိုက်သည့်အတွက် ဖြစ်လာရသည်၊ ဖြစ်လာလျှင် ရင့်ရသည်၊ ရင့်လာလျှင် ပျက်ရသည်၊ ယင်း”ဖြစ်, တည်, ပျက်”လက္ခဏာကို တွေ့ရသဖြင့် နိပ္ဖန္နရုပ်များ သင်္ခတဖြစ်ကြောင်းကို သိနိုင်လောက်သည်၊ ထို့ကြောင့်ပင် “ဥပစယ”အစရှိသည်တို့ကို “လက္ခဏရုပ်”ဟု ခေါ်သည်။

လောကီစိတ် ၈၁ ပါး

ကာမာဝစရစိတ် ၅၄ ပါး၊ မဟဂ္ဂုတ်စိတ် ၂၇ ပါး၊ပေါင်း ၈၁ ပါး။ (ကာမာဝစရစိတ် ၅၄ ပါး--စသည်ကို ဆိုင်ရာ ခေါင်းစဉ်၌...

လောကီစိတ်

လောကဟူသော ဝဋ်ဆင်းရဲ၌ အကျုံးဝင်သော စိတ်။

လောဘမူစိတ် ၈ ပါး

၁။ သောမနဿသဟဂုတ် ဒိဋ္ဌိဂတသမ္ပယုတ် အသင်္ခါရိကစိတ် ၁ ပါး၊၂။ သောမနဿသဟဂုတ် ဒိဋ္ဌိဂတသမ္ပယုတ် သသင်္ခါရိကစိတ်၊ ၁ ပါး၊၃။သောမနဿသဟဂုတ် ဒိဋ္ဌိဂတဝိပ္ပယုတ် အသင်္ခါရိကစိတ် ၁ ပါး၊ ၄။ သောမနဿသဟဂုတ် ဒိဋ္ဌိဂတဝိပ္ပယုတ် သသင်္ခါရိကစိတ် ၁ ပါး ၅။ဥပေက္ခာဟဂုတ် ဒိဋ္ဌိဂတသမ္ပယုတ် အသင်္ခါရိကစိတ် ၁...

လူ့ဘုံ

သတိ၊ ရဲရင့်ခြင်း၊ ပညာညာဏ် စသော ဂုဏ်ထူးဝိသေသအားဖြင့် မြတ်သော စိတ်ရှိသောကြောင့် မနုဿ-ဟု ခေါ်သည်။ ထိုမနုဿတို့ ဖြစ်ရာဌာနသည် မနုဿဘုံ=လူ့ဘုံ...