မောစတုက်

by | Jun 9, 2022 | | 0 comments

မောဟစေတသိက်ဦးစီးသော အကုသိုလ်စေတသိက်လေးပါးအပေါင်း(မော= မောဟပါဝင်သော၊ ဦးဆောင်သော၊ စတုက်=စတုက္က= လေးခုအပေါင်း)။

မာနာနုသယ ၁

မာနသည်ပင် သတ္တဝါတို့၏ သန္တာန်၌ အစဉ်တစိုက် ကိန်းအောင်းပါဝင်နေသောကြောင့် မာနာနုသယ မည်၏။

မောဟ

အာရုံ၌ တွေဝေခြင်း (အာရုံ၏ အမှန်သဘောကို မသိခြင်း) သဘော။

မဟာဝိပါက်စိတ် ၈ ပါး

သောမနဿသဟဂုတ် ဉာဏသမ္ပယုတ် အသင်္ခါရိက မဟာဝိပါက်စိတ် ၁ ပါး၊ သောမနဿသဟဂုတ် ဉာဏသမ္ပယုတ် သသင်္ခါရိက မဟာဝိပါက်စိတ် ၁ ပါး၊ သောမနဿသဟဂုတ် ဉာဏဝိပ္ပယုတ် အသင်္ခါရိက မဟာဝိပါက်စိတ် ၁ ပါး၊ သောမနဿသဟဂုတ် ဉာဏဝိပ္ပယုတ် သသင်္ခါရိက မဟာဝိပါက်စိတ် ၁ ပါး၊ ဥပေက္ခာသဟဂုတ် ဉာဏသမ္ပယုတ် အသင်္ခါရိက...