မုဒိတာ ဘာဝနာ

by | Jun 9, 2022 | | 0 comments

သုခိတသတ္တဝါ(ချမ်းသာသော ပုဂ္ဂိုလ်)ဆိုသူကို အာရုံပြု၍ ဝမ်းမြောက်ခြင်းသဘောသည် “မုဒိတာ” မည်၏။(ထိုမုဒိတာကို အဖန်ဖန်ပွားများခြင်းသည် ကရုဏာဘာဝနာဖြစ်သည်)။

မနောဓာတ် ၁

မိမိသဘောကို ဆောင်တတ်သော၊ မိမိသဘောလက္ခဏာအတိုင်း ထင်ရှားစွာ ဖြစ်တတ်သော သိစိတ်။

မုစ္စိတုကမျတာဉာဏ်

ငြီးငွေ့သဖြင့် ခန္ဓာငါးပါး သင်္ခါရတရား(ရုပ်နာမ်)တို့မှ ထွက်မြောက်လိုသော ဉာဏ်။

မိစ္ဆာသမာဓိ ၂

ဝိစိကိစ္ဆာသဟဂုတ်မှ တပါး အကုသိုလ်စိတ် ၁၀-ပါး၌ရှိသော "ဧကဂ္ဂတာ စေတသိက်"။

မေတ္တာ ၁

သတ္တဝါများ၏ ကောင်းကျိုးစီးပွားကို လိုလားခြင်း, ချစ်ခင်မြတ်နိုင်ခြင်း သဘောတရားသည် "မေတ္တာ" မည်၏။