မိစ္ဆာဒိဋ္ဌိ

by | Jun 9, 2022 | | 0 comments

မှားမှားယွင်းယွင်း ယူခြင်း၊ အယူမှားခြင်း။

မစ္ဆရိယ

ကိုယ့်စည်းစိမ်ကို ဝန်တိုခြင်းသဘော၊နှမြော တွန့်တိုခြင်းသဘော။

မေတ္တာ ၂

မေတ္တာ၏ တရားကိုယ် (အရင်းခံ သဘောတရား)မှာ အဒေါသ စေတသိက်ပင် ဖြစ်သည်၊ သို့သော် "ဘုရားဖူး, တရားနာ"စသော အခါမျိုး၌ ယှဉ်တွဲပါလာသော အဒေါသစေတသိက်ကား "မေတ္တာ"မဟုတ်ပါ၊ သို့ဖြစ်၍ "အဒေါသစေတသိက်ကို မေတ္တာ"ဟု ဆိုသော်လည်း အဒေါသစေတသိက်တိုင်း "မေတ္တာ" မည်သည်ကား...

မောဟ

အာရုံ၌ တွေဝေခြင်း (အာရုံ၏ အမှန်သဘောကို မသိခြင်း) သဘော။

မုစ္စိတုကမျတာဉာဏ်

ငြီးငွေ့သဖြင့် ခန္ဓာငါးပါး သင်္ခါရတရား(ရုပ်နာမ်)တို့မှ ထွက်မြောက်လိုသော ဉာဏ်။

မဟဂ္ဂုတ်စိတ်

မဟဂ္ဂုတ်စိတ်-ဟူသော သဒ္ဒါသည် မဟာ+ဂတ+စိတ္တ-ဟူသော သဒ္ဒါတို့မှ ဆင်းသက်လာသော သဒ္ဒါ ဖြစ်သည်။ မဟာ= မြင့်မြတ်သည်၏ အဖြစ်သို့၊ ဂတ= ရောက်သော၊စိတ္တ- စိတ်၊ တစ်နည်း- မဟာ= မြင့်မြတ်သူ တို့သည်၊ ဂတ= ရအပ်သော စိတ္တ- စိတ်-ဟု...