မဟာဘုတ်

by | Jun 9, 2022 | | 0 comments

မဟာဘူတ-ကြီးကျယ်ထင်ရှားသော ရုပ်များကို “မဟာဘုတ်”ဟု ခေါ်သည်၊ မှန်၏၊ ထိုမဟာဘုတ်မည်သော ရုပ်များသည် အခြားရုပ်များထက် အထည်ကိုယ်ဒြပ်အားဖြင့်လည်း ကြီးကျယ်သည်၊ သဘောလက္ခဏာအားဖြင့်လည်း ထင်ရှားသည်၊ ထို့ကြောင့် “မဟာဘုတ်” ဟူသော အမည်ကို ရကြသည်။ (မဟာ- ကြီးကျယ်သည်ဖြစ်၍ +ဘူတ- ထင်ရှားသော ရုပ်များ။)

မဂ်၂

နိဗ္ဗာန်ကို ရှာမှီးတတ်သည့် သမ္မာဒိဋ္ဌိ-စသော တရား။

မုဒိတာ

ကြီးပွားချမ်းသာ တိုးတက် အောင်မြင်နေသော သူကို အာရုံပြု၍ ဝမ်းမြောက်ခြင်း သဘော။

မဂ္ဂသစ္စာ ၂

မဂ်စိတ် ၄-ခု၌ရှိသော သမ္မာဒိဋ္ဌိ, သမ္မာသင်္ကပ္ပ, သမ္မာဝါစာ, သမ္မာကမ္မန္တ, သမ္မာအာဇီဝ, သမ္မာဝါယာမ, သမ္မာသတိ, သမ္မာသမာဓိ, ဟုဆိုအပ်သော မဂ္ဂင်တရားကိုယ် (အရင်းခံ သဘောတရား)...

မောစတုက်

မောဟစေတသိက်ဦးစီးသော အကုသိုလ်စေတသိက်လေးပါးအပေါင်း(မော= မောဟပါဝင်သော၊ ဦးဆောင်သော၊ စတုက်=စတုက္က=...

မနောဒွါရိက

မနောဒွါရ (စိတ်-ဟူသော တံခါးပေါက်)၌ ဖြစ်သော စိတ်