မဟာဗြဟ္မာဘုံ

by | Jun 9, 2022 | | 0 comments

မဟာဗြဟ္မာတို့ ဖြစ်ရာဘုံသည် မဟာဗြဟ္မာဘုံ မည်၏။

မနောဝိညာဏဓာတ် ၁

မိမိသဘောကို ဆောင်တတ်သော၊ မိမိသဘောလက္ခဏာအတိုင်း ထင်ရှားစွာ ဖြစ်တတ်သော အထူးသိစိတ်။

မုဒိတာ

ကြီးပွားချမ်းသာ တိုးတက် အောင်မြင်နေသော သူကို အာရုံပြု၍ ဝမ်းမြောက်ခြင်း သဘော။

မဟာဝိပါက်စိတ် ၈ ပါး

သောမနဿသဟဂုတ် ဉာဏသမ္ပယုတ် အသင်္ခါရိက မဟာဝိပါက်စိတ် ၁ ပါး၊ သောမနဿသဟဂုတ် ဉာဏသမ္ပယုတ် သသင်္ခါရိက မဟာဝိပါက်စိတ် ၁ ပါး၊ သောမနဿသဟဂုတ် ဉာဏဝိပ္ပယုတ် အသင်္ခါရိက မဟာဝိပါက်စိတ် ၁ ပါး၊ သောမနဿသဟဂုတ် ဉာဏဝိပ္ပယုတ် သသင်္ခါရိက မဟာဝိပါက်စိတ် ၁ ပါး၊ ဥပေက္ခာသဟဂုတ် ဉာဏသမ္ပယုတ် အသင်္ခါရိက...

မဟဂ္ဂုတ်စိတ်

မဟဂ္ဂုတ်စိတ်-ဟူသော သဒ္ဒါသည် မဟာ+ဂတ+စိတ္တ-ဟူသော သဒ္ဒါတို့မှ ဆင်းသက်လာသော သဒ္ဒါ ဖြစ်သည်။ မဟာ= မြင့်မြတ်သည်၏ အဖြစ်သို့၊ ဂတ= ရောက်သော၊စိတ္တ- စိတ်၊ တစ်နည်း- မဟာ= မြင့်မြတ်သူ တို့သည်၊ ဂတ= ရအပ်သော စိတ္တ- စိတ်-ဟု...

မဂ္ဂါမဂ္ဂဉာဏဒဿနဝိသုဒ္ဓိ

"ကိုယ်ရောင်ကိုယ်ဝါ-စသည်တို့သည် မဂ်-ဖိုလ် မဟုတ်၊ မဂ်-ဖိုလ်ကြောင့် ဖြစ်ပေါ်လာကြသည်လည်း မဟုတ်၊ ဤ'ကိုယ်ရောင် ကိုယ်ဝါ' စသည်တို့ကို စဉ်းစားဆင်ခြင်မှုသည်လည်း ဝိပဿနာလမ်းမှန် မဟုတ်၊ ပေါ်လာသမျှသော ရုပ်-နာမ်တို့ကို ထင်ရှားရှိခိုက်မှာ မပြတ်မလပ် ရှုမှတ်ခြင်းကသာ ဝိပဿနာလမ်းမှန်...

မနိန္ဒြေ၁

သိခြင်းကိစ္စ၌ လွှမ်းမိုးထားသော သဘောတရား။