မဟဂ္ဂုတ်စိတ်

by | Jun 9, 2022 | | 0 comments

မဟဂ္ဂုတ်စိတ်-ဟူသော သဒ္ဒါသည် မဟာ+ဂတ+စိတ္တ-ဟူသော သဒ္ဒါတို့မှ ဆင်းသက်လာသော သဒ္ဒါ ဖြစ်သည်။ မဟာ= မြင့်မြတ်သည်၏ အဖြစ်သို့၊ ဂတ= ရောက်သော၊စိတ္တ- စိတ်၊ တစ်နည်း- မဟာ= မြင့်မြတ်သူ တို့သည်၊ ဂတ= ရအပ်သော စိတ္တ- စိတ်-ဟု ဆိုလိုသည်။

မိစ္ဆာသမာဓိ ၁

မှားယွင်းဖောက်ပြန် မဟုတ်မမှန် တည်ကြည်မှုသည် "မိစ္ဆာသမာဓိ" မည်၏။

မိစ္ဆာဝါယာမ ၁

မှားယွင်းဖောက်ပြန် မဟုတ် မမှန် အားထုတ်မှုသည် "မိစ္ဆာဝါယာမ" မည်၏။

မဟာကြိယာစိတ် ၈ ပါး

သောမနဿသဟဂုတ် ဉာဏသမ္ပယုတ် အသင်္ခါရိက မဟာကြိယာစိတ် ၁ ပါး၊ သောမနဿသဟဂုတ် ဉာဏသမ္ပယုတ် သသင်္ခါရိက မဟာကြိယာစိတ် ၁ ပါး၊ သောမနဿသဟဂုတ် ဉာဏဝိပ္ပယုတ် အသင်္ခါရိက မဟာကြိယာစိတ် ၁ ပါး၊ သောမနဿသဟဂုတ် ဉာဏဝိပ္ပယုတ် သသင်္ခါရိက မဟာကြိယာစိတ် ၁ ပါး၊ ဥပေက္ခာသဟဂုတ် ဉာဏသမ္ပယုတ် အသင်္ခါရိက...

မာန

ငါ ငါဟု ထောင်လွှားတက်ကြွခြင်းသဘော။

မနိန္ဒြေ၁

သိခြင်းကိစ္စ၌ လွှမ်းမိုးထားသော သဘောတရား။