မနောဒွါရာဝဇ္ဇန်း

by | Jun 9, 2022 | | 0 comments

မနောဒွါရာဝဇ္ဇန်း-ဟူသော ပုဒ်သည် မန+ဒွါရ+အာဝဇ္ဇန-ဟူသော ပုဒ်တို့မှ ဆင်းသက်လာသော ပုဒ် ဖြစ်သည်။ မန= ဘဝင်စိတ်ဟူသော၊ ဒွါရ= တံခါး၌ (ဖြစ်သော)၊ အာဝဇ္ဇန= (အာရုံကို) ဆင်ခြင်တတ်သော-ဟု အဓိပ္ပါယ်ရသည်။ ဘဝင်စိတ်ဟူသော ဒွါရ (တံခါး)၌ (ဖြစ်သော) (အာရုံကို) ဆင်ခြင်တတ်သော စိတ်-ဟု ဆိုလိုသည်။

မနောဒွါရိက

မနောဒွါရ (စိတ်-ဟူသော တံခါးပေါက်)၌ ဖြစ်သော စိတ်

မုဒိတာ

ကြီးပွားချမ်းသာ တိုးတက် အောင်မြင်နေသော သူကို အာရုံပြု၍ ဝမ်းမြောက်ခြင်း သဘော။

မနောဒွါရိက စိတ် ၆၇ ပါး

မနောဒွါရာဝဇ္ဇန်း၊ ဇော ၅၅ ပါး၊ တဒါရုံ ၁၁ ပါးအားဖြင့် ၆၇ ပါး၊ပေါင်း ၆၇ ပါး။ (မနောဒွါရာဝဇ္ဇန်း-စသည်ကို ဆိုင်ရာ ခေါင်းစဉ်၌...