မနောဒွါရ

by | Jun 9, 2022 | | 0 comments

ဘဝင်စိတ်သည် “မနောဒွါရ” မည်၏။ ဝီထိတွင် အတီတဘဝင်၊ ဘဝင်္ဂစလန ဘဝင်္ဂုပစ္ဆေဒဟု သုံးမျိုးရှိရာတွင် နောက်ဆုံး ဘဝင်္ဂုပစ္ဆေဒဖြစ်သော ဘဝင်စိတ်ကိုသာ မနောဒွါရာဝဇ္ဇန်းစသော ဝီထိစိတ်တို့ ဖြစ်ကြောင်းဖြစ်သောကြောင့် မနောဒွါရဟု ခေါ်ရသည်။ ထိုဘဝင်စိတ်ဟူသည် ဘဝင်ကိစ္စကို ဆောင်ရွက်သော စိတ် ၁၉ ပါးတို့ပင် ဖြစ်သည်။

မဂ်၂

နိဗ္ဗာန်ကို ရှာမှီးတတ်သည့် သမ္မာဒိဋ္ဌိ-စသော တရား။

မဟဂ္ဂုတ်စိတ်

မဟဂ္ဂုတ်စိတ်-ဟူသော သဒ္ဒါသည် မဟာ+ဂတ+စိတ္တ-ဟူသော သဒ္ဒါတို့မှ ဆင်းသက်လာသော သဒ္ဒါ ဖြစ်သည်။ မဟာ= မြင့်မြတ်သည်၏ အဖြစ်သို့၊ ဂတ= ရောက်သော၊စိတ္တ- စိတ်၊ တစ်နည်း- မဟာ= မြင့်မြတ်သူ တို့သည်၊ ဂတ= ရအပ်သော စိတ္တ- စိတ်-ဟု...

မနသိကာရ

နှလုံးသွင်း ဆင်ခြင်ခြင်းသဘော။

မနောဝိညာဏဝီထိ

မနောဝိညာဏ်နှင့် စပ်သော စိတ်အစဉ်အတန်း၊ စိတ်အဆက်ဆက်။မနောဝိညာဏ်နှင့် ဆက်စပ်သော စိတ်အစဉ်အတန်းဟူသည် မနောဒွါရဝီထိစိတ်တို့ပင်...

မဟာကြိယာစိတ် ၈ ပါး

သောမနဿသဟဂုတ် ဉာဏသမ္ပယုတ် အသင်္ခါရိက မဟာကြိယာစိတ် ၁ ပါး၊ သောမနဿသဟဂုတ် ဉာဏသမ္ပယုတ် သသင်္ခါရိက မဟာကြိယာစိတ် ၁ ပါး၊ သောမနဿသဟဂုတ် ဉာဏဝိပ္ပယုတ် အသင်္ခါရိက မဟာကြိယာစိတ် ၁ ပါး၊ သောမနဿသဟဂုတ် ဉာဏဝိပ္ပယုတ် သသင်္ခါရိက မဟာကြိယာစိတ် ၁ ပါး၊ ဥပေက္ခာသဟဂုတ် ဉာဏသမ္ပယုတ် အသင်္ခါရိက...

မဟာဗြဟ္မာ

ဗြဟ္မပါရိသဇ္ဇာ ဗြဟ္မပုရောဟိတာဗြဟ္မာတို့ထက် သာလွန်မြင့်မြတ်သော ဗြဟ္မာသည် မဟာဗြဟ္မာမည်၏။