မဂ်စိတ်အကျယ် ၂၀

by | Jun 9, 2022 | | 0 comments

ပထမဈာန် သောတာပတ္တိ မဂ်စိတ် ၁ ပါး၊ ဒုတိယဈာန် သောတာပတ္တိ မဂ်စိတ် ၁ ပါး၊ တတိယဈာန် သောတာပတ္တိ မဂ်စိတ် ၁ ပါး၊ စတုတ္ထဈာန် သောတာပတ္တိ မဂ်စိတ် ၁ ပါး၊ ပဉ္စမဈာန် သောတာပတ္တိ မဂ်စိတ် ၁ ပါး၊ ပထမဈာန် သကဒါဂါမိ မဂ်စိတ် ၁ ပါး၊ ဒုတိယဈာန် သကဒါဂါမိ မဂ်စိတ် ၁ ပါး၊ တတိယဈာန် သကဒါဂါမိ မဂ်စိတ် ၁ ပါး၊ စတုတ္ထဈာန် သကဒါဂါမိ မဂ်စိတ် ၁ ပါး၊ ပဉ္စမဈာန် သကဒါဂါမိ မဂ်စိတ် ၁ ပါး၊ ပထမဈာန် အနာဂါမိ မဂ်စိတ် ၁ ပါး၊ ဒုတိယဈာန် အနာဂါမိ မဂ်စိတ် ၁ ပါး၊ တတိယဈာန် အနာဂါမိ မဂ်စိတ် ၁ ပါး၊ စတုတ္ထဈာန် အနာဂါမိ မဂ်စိတ် ၁ ပါး၊ ပဉ္စမဈာန် အနာဂါမိ မဂ်စိတ် ၁ ပါး၊ ပထမဈာန် အရဟတ္တ မဂ်စိတ် ၁ ပါး၊ ဒုတိယဈာန် အရဟတ္တ မဂ်စိတ် ၁ ပါး၊ တတိယဈာန် အရဟတ္တ မဂ်စိတ် ၁ ပါး၊ စတုတ္ထဈာန် အရဟတ္တ မဂ်စိတ် ၁ ပါး၊ ပဉ္စမဈာန် အရဟတ္တ မဂ်စိတ် ၁ ပါး၊ပေါင်း ၂၀။

မိစ္ဆာဒိဋ္ဌိ ၁

မှားယွင်းဖောက်ပြန် မဟုတ်မမှန် ရှုမြင်တတ်သော သဘောတရားသည် "မိစ္ဆာဒိဋ္ဌိ" မည်၏။

မနောဝိညာဏဓာတ် ၁

မိမိသဘောကို ဆောင်တတ်သော၊ မိမိသဘောလက္ခဏာအတိုင်း ထင်ရှားစွာ ဖြစ်တတ်သော အထူးသိစိတ်။

မဟဂ္ဂုတ်စိတ်

မဟဂ္ဂုတ်စိတ်-ဟူသော သဒ္ဒါသည် မဟာ+ဂတ+စိတ္တ-ဟူသော သဒ္ဒါတို့မှ ဆင်းသက်လာသော သဒ္ဒါ ဖြစ်သည်။ မဟာ= မြင့်မြတ်သည်၏ အဖြစ်သို့၊ ဂတ= ရောက်သော၊စိတ္တ- စိတ်၊ တစ်နည်း- မဟာ= မြင့်မြတ်သူ တို့သည်၊ ဂတ= ရအပ်သော စိတ္တ- စိတ်-ဟု...

မဟာဗြဟ္မာ

ဗြဟ္မပါရိသဇ္ဇာ ဗြဟ္မပုရောဟိတာဗြဟ္မာတို့ထက် သာလွန်မြင့်မြတ်သော ဗြဟ္မာသည် မဟာဗြဟ္မာမည်၏။

မနောဓာတ် ၁

မိမိသဘောကို ဆောင်တတ်သော၊ မိမိသဘောလက္ခဏာအတိုင်း ထင်ရှားစွာ ဖြစ်တတ်သော သိစိတ်။