မဂ္ဂင်

by | Jun 9, 2022 | | 0 comments

မဂ္ဂင်-ဟူသည် မဂ္ဂ+အင်္ဂမှ ဆင်းသက်လာသော စကား ဖြစ်သည်၊ မဂ္ဂ-မဂ် ဝါ-လမ်းကြောင်း၏၊ အင်္ဂ- အင်္ဂါ အစိတ်အပိုင်း-ဟု ဆိုလိုသည်၊ မဂ္ဂမည်သော တရားအပေါင်း၏ တစ်ခုစီတစ်ခုစီသော အစိတ်အင်္ဂါများကို “မဂ္ဂင်”ဟု ခေါ်သည်။ မိစ္ဆာဒိဋ္ဌိ စသော လေးပါးတို့သည် ဒုဂ္ဂတိဘဝသို့ ရောက်စေတတ်သော မဂ်၏ အစိတ်အင်္ဂါများဖြစ်သဖြင့် မဂ္ဂင်အမည်ကို ရကြသည်။

မဂ္ဂသစ္စာ ၁

ဆင်းရဲချုပ်ရာ နိဗ္ဗာန်သို့ ရောက်ကြောင်း အမှန်တရား။

မနာယတန ၁

စိတ်, စေတသိက်တို့ ဖြစ်ခြင်း၏ အကြောင်းဖြစ်သော စိတ်။

မာနာနုသယ ၁

မာနသည်ပင် သတ္တဝါတို့၏ သန္တာန်၌ အစဉ်တစိုက် ကိန်းအောင်းပါဝင်နေသောကြောင့် မာနာနုသယ မည်၏။