ဘဝင်ကိစ္စကို ဆောင်ရွက်သော စိတ်(ဘဝင်စိတ်) ၁၉ ပါး

by | Jun 9, 2022 | | 0 comments

ပဋိသန္ဓေ ကိစ္စကို ဆောင်ရွက်သော စိတ် ၁၉ ပါးပင် ဖြစ်သည်။

ဘာဝနာ ၃ ပါး

၁။ ပရိကမ္မဘာဝနာ၊ ၂။ ဥပစာရဘာဝနာ၊ ၃။ အပ္ပနာဘာဝနာ။

ဘုံ

သတ္တဝါတို့ ဖြစ်ပေါ်ရာ အရပ်ဌာန။

ဘဝရာဂါနုသယ ၂

ဒိဋ္ဌိဂတဝိပ္ပယုတ်စိတ် ၄-ခု၌ ရှိသော လောဘစေတသိက်။

ဘင်္ဂဉာဏ်

ခန္ဓာငါးပါး သင်္ခါရတရား(ရုပ်နာမ်)တို့၏ ပျက်ခြင်းကိုသာ အဖန်ဖန်ရှုသောအားဖြင့် သိမြင်သော ဉာဏ်။

ဘဝ

ခန္ဓာ-စသော အကျိုးတို့ကို ဖြစ်ပေါ်စေတတ်သော စေတနာသည် ဘဝမည်၏။