ဗောဓိပက္ခိယတရား ၃၇ ပါး

by | Jun 9, 2022 | | 0 comments

သတိပဋ္ဌာန် ၄-ပါး၊ သမ္မပ္ပဓာန် ၄-ပါး၊ ဣဒ္ဓိပါဒ် ၄-ပါး၊ ဣန္ဒြေ ၅-ပါး၊ ဗိုလ် ၅-ပါး၊ ဗောဇ္ဈင် ၇-ပါး၊ မဂ္ဂင် ၈-ပါး၊ ပေါင်း ၃၇ ပါး။

ဗြဟ္မဝိဟာရတရား ၄ ပါး

၁။ မေတ္တာ၊ ၂။ ကရုဏာ၊ ၃။ မုဒိတာ၊ ၄။ ဥပေက္ခာ။ (၎င်းတို့၏ အဓိပ္ပါယ်ကို ဆိုင်ရာ ခေါင်းစဉ်၌ ရှုပါ။)

ဗြဟ္မပုရောဟိတာ

မဟာဗြဟ္မာတို့၏ ပုရောဟိတ်(အကြံပေး)အရာ၌ တည်သော ဗြဟ္မာများကို ဗြဟ္မပုရောဟိတာ-ဟု ခေါ်သည်။

ဗိုလ်

မလှုပ်ရှား မယိမ်းမယိုင်သော တရားကို ဗိုလ်-ဟု ခေါ်သည်။

ဗျာပါဒ

သူတစ်ပါး သေကျေ ပျက်စီးရန် ကြံစည်ခြင်း။