ဗဟိဒ္ဓသန္တာန်

by | Jun 9, 2022 | | 0 comments

အသက်ဝိညာဉ်မရှိသော သစ်ပင်, တော, တောင်, ရေ, မြေ, သမုဒ္ဒရာ စသည်တို့၏ ရုပ်ခန္ဓာ အစဉ်ကို “ဗဟိဒ္ဓသန္တာန်”ဟု ခေါ်သည်။

ဗောဇ္ဈင်

ယောဂီပုဂ္ဂိုလ်များ သစ္စာလေးပါးကို သိခြင်း၏ အကြောင်းဖြစ်သော တရားသည် ဗောဇ္ဈင်မည်၏။

ဗိုလ် ၉ ပါး

၁။ သဒ္ဓါဗိုလ်၊ ၂။ ဝီရိယဗိုလ်၊ ၃။ သတိဗိုလ်၊ ၄။ သမာဓိဗိုလ်၊ ၅။ ပညာဗိုလ်၊ ၆။ ဟိရီဗိုလ်၊ ၇။ ဩတ္တပ္ပဗိုလ်၊ ၈။ အဟိရိကဗိုလ်၊ ၉။ အနောတ္တပ္ပဗိုလ်။ (၎င်းတို့၏ အဓိပ္ပါယ်ကို ဆိုင်ရာ ခေါင်းစဉ်၌...

ဗျာပါဒကာယဂန္ထ ၁

စိတ်ဖောက်ပြန် ပျက်စီးခြင်းသို့ ရောက်ကြောင်း ဒေါသသည် "ဗျာပါဒ"မည်၏၊ အကုသလကမ္မပထ၌ သူတစ်ပါးကို သေစေလိုသော ဒေါသကို ဗျာပါဒ-ဟု ခေါ်သည်၊ ဤ၌ကား ဒေါသမှန်သမျှကိုပင် ဗျာပါဒ-ဟု ခေါ်သည်။ (ဝိ-စိတ်၏ ဖောက်ပြန်ပျက်စီးခြင်းသို့+အာပါဒ-ရောက်ကြောင်း ဒေါသ။) ထိုဗျာပါဒသည် သတ္တဝါတို့၏...

ဗြဟ္မပုရောဟိတာ

မဟာဗြဟ္မာတို့၏ ပုရောဟိတ်(အကြံပေး)အရာ၌ တည်သော ဗြဟ္မာများကို ဗြဟ္မပုရောဟိတာ-ဟု ခေါ်သည်။

ဗောဓိပက္ခိယတရား ၃၇ ပါး

သတိပဋ္ဌာန် ၄-ပါး၊ သမ္မပ္ပဓာန် ၄-ပါး၊ ဣဒ္ဓိပါဒ် ၄-ပါး၊ ဣန္ဒြေ ၅-ပါး၊ ဗိုလ် ၅-ပါး၊ ဗောဇ္ဈင် ၇-ပါး၊ မဂ္ဂင် ၈-ပါး၊ ပေါင်း ၃၇...

ဗြဟ္မဝိဟာရတရား ၄ ပါး

၁။ မေတ္တာ၊ ၂။ ကရုဏာ၊ ၃။ မုဒိတာ၊ ၄။ ဥပေက္ခာ။ (၎င်းတို့၏ အဓိပ္ပါယ်ကို ဆိုင်ရာ ခေါင်းစဉ်၌ ရှုပါ။)