“ပဋိဘာဂနိမိတ်”ဟူသည် စီးဖြန်းခါစ ဥပစာရဘာဝနာ အပ္ပနာဘာဝနာတို့၏ အာရုံဖြစ်သော မူလအာရုံနှင့်တူသော အာရုံ(ပုံရိပ်)တစ်မျိုးပင် ဖြစ်သည်။ ထိုအာရုံသည် ဥဂ္ဂဟနိမိတ်နှင့် တူသောကြောင့် ပဋိဘာဂနိမိတ်မည်၏။
ပဉ္စဒွါရာဝဇ္ဇန်း
ပဉ္စဒွါရာဝဇ္ဇန်း-ဟူသော ပုဒ်သည် ပဉ္စ+ဒွါရ+အာဝဇ္ဇန-ဟူသော ပုဒ်တို့မှ ဆင်းသက်လာသော ပုဒ် ဖြစ်သည်။ ပဉ္စ= ငါးခုသော၊ ဒွါရ= တံခါး၌ (ဖြစ်သော)၊ အာဝဇ္ဇန= (အာရုံကို) ဆင်ခြင်တတ်သော-ဟု အဓိပ္ပါယ်ရသည်။ မျက်စိ, နား, နှာ, လျှာ, ကိုယ်-ဟူသော ဒွါရ (တံခါး) ငါးခု၌ ဖြစ်ပေါ်လာသော (အာရုံကို)...