ပဋိပဒါဉာဏဒဿနဝိသုဒ္ဓိ

by | Jun 9, 2022 | | 0 comments

ဥဒယဗ္ဗယဉာဏ်မှ စ၍ အစဉ်အတိုင်း တိုးတက်၍ ဆက်လက် ကြိုးစားအားထုတ်သည် ရှိသော် အနုလောမဉာဏ်တိုင်အောင် ဝိပဿနာဉာဏ် ၉-ပါးတို့သည် အဆင့်ဆင့် ဖြစ်ပေါ်လာကြသည်၊ ထိုဝိပဿနာဉာဏ် ၉-ပါးကိုပင် “ပဋိပဒါဉာဏဒဿနဝိသုဒ္ဓိ”ဟု ခေါ်သည်၊ “မဂ်ဖိုလ်သို့ ရောက်ဖွယ် စင်ကြယ်သော ဉာဏ်အမြင်”ဟု ဆိုလိုသည်။ (ပဋိပဒါဉာဏဒဿန= မဂ်ဟူသော ဉာဏ်အမြင်စင်ကြယ်ကြောင်းအကျင့်၏၊ ဝိသုဒ္ဓိ= လက္ခဏာရေးသုံးပါးသိမြင်သဖြင့် ဆန့်ကျင်ဘက် ကိလေသာတို့မှ စင်ကြယ်ခြင်း)။

ပသာဒရုပ် ၅ ပါး

၁။ စက္ခုပသာဒ၊ ၂။ သောတပသာဒ၊ ၃။ ဃာနပသာဒ၊ ၄။ ဇိဝှါပသာဒ၊ ၅။ ကာယပသာဒ။ (စက္ခုပသာဒ-စသည်၏ အဓိပ္ပါယ်ကို ဆိုင်ရာ ခေါင်းစဉ်၌...

ပစ္စယုပ္ပန်

ကျေးဇူးပြု၊ ထောက်ပံ့ကူညီပေးမူကြောင့် ဖြစ်ပေါ်လာသော အကျိုးတရားကို ပစ္စယုပ္ပန်-ဟု ခေါ်သည်။