ပဋိစ္စသမုပ္ပါဒ်

by | Jun 9, 2022 | | 0 comments

အကြောင်းအဆက်ဆက်ကြောင့် အကျိုးအဆက်ဆက် ဖြစ်ပုံကို ပြသော တရား။(ပဋိစ္စသမုပ္ပါဒ်-ဟူသော ပုဒ်သည် ပဋိစ္စသမုပ္ပါဒဟူသော ပုဒ်မှ ဆင်းသက်လာသော ပုဒ် ဖြစ်သည်။ ဆိုင်ရာအကြောင်းတို့ ပေါင်းဆုံညီညွတ်မှုကို စွဲ၍ အကျိုးတရားတို့ကို ဖြစ်စေတတ်သော အကြောင်းအပေါင်းကို ဟော၏၊ သို့သော် ပဋိစ္စသမုပ္ပါဒ်တရားတော်၌ကား အကြောင်းတရားကိုသာမက အကြောင်းအဆက်ဆက်ကြောင့်ဖြစ်သော အကျိုးအဆက်ဆက်ကိုလည်း ဟောထားသည်။ သို့ဖြစ်၍ အကြောင်းအဆက်ဆက်ကြောင့် အကျိုးအဆက်ဆက် ဖြစ်ပုံကို ပြသော တရားကို ပဋိစ္စသမုပ္ပါဒ်ရား ဖြစ်သည်ဟု မှတ်သားထိုက်၏။)

ပရိကံ ၁

ပရိကံ-ဟူသည် အထက်အထက်ဘာဝနာကို ပြုပေးတတ်သော စိတ် ဖြစ်သည်။ အပ္ပနာဖြစ်ပေါ်ရန် ပြုပြင်စီရင်တတ်သော စိတ်သည်...

ပတ္တိဒါန

မိမိရသော ကုသိုလ်အဖို့ကို အမျှပေးဝေမှု။

ပကိဏ်းစေတသိက်

စိတ်အားလုံးမှာ ထိုက်သည်အားလျော်စွာ ရောပြွမ်း၍ ယှဉ်သော စေတသိက်များ။

ပစ္စဝေက္ခဏဝသီဘော်

မနောဒွါရ၏နောက်တွင် ဖြစ်သော ဇောတို့သည် ပစ္စဝေက္ခဏာဇောတို့ ဖြစ်ကြသည်။ ထို့ကြောင့် ထိုမနောဒွါရာဝဇ္ဇန်းနောက် ဇောငါးကြိမ်/ လေးကြိမ်၊ ဘဝင်နှစ်ကြိမ်/ သုံးကြိမ်အတွင်းတွင် (ဘဝင်များစွာ မခြားဘဲ) ဈာန်အင်္ဂါကို ဆင်ခြင်သော အာဝဇ္ဇနဝသီဘော်သည် ပစ္စဝေက္ခဏဝသီဘော်...

ပရမတ္ထတရား ၄ ပါး

၁။ စိတ်၊ ၂။ စေတသိက်၊ ၃။ ရုပ်၊ ၄။ နိဗ္ဗာန်။ ၎င်းတို့၏ အဓပ္ပါယ်ကို ဆိင်ရာ ခေါင်းစဉ်၌ ရှုပါ။