ပဉ္စဒွါရာဝဇ္ဇန်း-ဟူသော ပုဒ်သည် ပဉ္စ+ဒွါရ+အာဝဇ္ဇန-ဟူသော ပုဒ်တို့မှ ဆင်းသက်လာသော ပုဒ် ဖြစ်သည်။ ပဉ္စ= ငါးခုသော၊ ဒွါရ= တံခါး၌ (ဖြစ်သော)၊ အာဝဇ္ဇန= (အာရုံကို) ဆင်ခြင်တတ်သော-ဟု အဓိပ္ပါယ်ရသည်။ မျက်စိ, နား, နှာ, လျှာ, ကိုယ်-ဟူသော ဒွါရ (တံခါး) ငါးခု၌ ဖြစ်ပေါ်လာသော (အာရုံကို) ဆင်ခြင်တတ်၊ နှလုံးသွင်းတတ်သော စိတ်-ဟု ဆိုလိုသည်။
ပဉ္စဝိညာဏဓာတ်
စက္ခုဝိညာဏ်-စသော ငါးပါးကို ပဉ္စဝိညာဏဓာတ်ဟု ခေါ်သည်။ (ပဉ္စ= ငါးပါး၊ ဝိညာဏ= စက္ခုစသော ဝိညာဏ်စိတ်၊ ဓာတ်= ဓာတု= သတ္တလည်းမဟုတ် အသက်ဇီဝလည်း မဟုတ်သော...