ပကိဏ်း ပိုင်း

by | Jun 9, 2022 | | 0 comments

ပကိဏ်း-ဟူသော ဝေါဟာရသည် ပကိဏ္ဏက-ဟူသော ပါဠိမှ ဆင်းသက်လာသော ဝေါဟာရ ဖြစ်သည်။ ထိုပကိဏ္ဏကသည် ရောပြွမ်းခြင်းအနက်ကို ဟောသည်။ သို့ဖြစ်၍ စိတ် စေတသိက် နှစ်ခုကို ရောပြွမ်း၍ ဝေဒနာ, ဟိတ်, ကိစ္စ, ဒွါရ,အာရုံ,ဝတ္တု-တို့ဖြင့် ခွဲခြမ်း စိတ်ဖြာပြသော အပိုင်းကို ပကိဏ်းပိုင်း-ဟု ခေါ်သည်။

ပဉ္စမဈာန်

ဥပေက္ခာ, ဧကဂ္ဂတာ နှစ်ပါးအစု (နှစ်ပါးပါးအားလုံးပေါင်း)ကို ပဉ္စမဈာန်-ဟု ခေါ်သည်။

ပကိဏ်းစေတသိက်

စိတ်အားလုံးမှာ ထိုက်သည်အားလျော်စွာ ရောပြွမ်း၍ ယှဉ်သော စေတသိက်များ။

ပုရိသဘာဝရုပ်

ယောကျ်ား ဖြစ်ဖို့ရန် အကြောင်းခံ ရုပ်တစ်မျိုးကို "ပုရိသဘာဝရုပ်"ဟု ခေါ်သည်၊

ပဋိဃသမ္ပယုတ်

ပဋိဃသမ္ပယုတ်-ဟူသော ပုဒ်သည် ပဋိဃ+သမ္ပယုတ္တ-ဟူသော ပုဒ်တို့မှ ဆင်းသက်လာသော ပုဒ် ဖြစ်သည်၊ ပဋိဃ= အာရုံကို ထိပါး-ထိခိုက်တတ်သော ဒေါသနှင့်၊ သမ္ပယုတ္တ= ယှဉ်သော-ဟု...