အညိုရောင် အဝိုင်းငယ်ကို (အညိုရောင်၊အညိုရောင်)ဟု ရှုမှတ် ပွါးများသော ဘာဝနာသည် နီလကသိုဏ်း ကမ္မဋ္ဌာန်း မည်၏။
နေဝသညာနာသညာယတန ကုသိုလ်ဈာန်စိတ်
(ယှဉ်တွဲ ဖြစ်ဖက်တရားတို့၏) တည်ရာ ဖြစ်သော၊ ထင်ရှားသော သညာမဟုတ်သည့်အတွက် သညာ-ဟုလည်း မဆိုထိုက်သော၊ သိမ်မွေ့သော သညာ ဖြစ်သည့်အတွက် သညာ မဟုတ်ဘူး-ဟုလည်း မဆိုထိုက်သော (သညာ) ရှိသော ကုသိုလ်ဈာန်စိတ်ကို နေဝသညာနာသညာယတန ကုသိုလ်ဈာန်စိတ်-ဟု...