နိဗ္ဗိဒါဉာဏ်

by | Jun 9, 2022 | | 0 comments

အပြစ်ဟု ထင်မြင်အပ်ပြီးသော ခန္ဓာငါးပါး သင်္ခါရတရား(ရုပ်နာမ်)တို့၌ ငြီးငွေ့သော ဉာဏ်။

နိရောဓသမာပတ်မှ ထသည်

သမာပတ်အတွင်း၌ ချုပ်ငြိမ်းနေသော စိတ်, စေတသိက်, စိတ္တဇရုပ်များ ပြန်၍ဖြစ်ပေါ်လာသည်ကိုပင် "နိရောဓသမာပတ်မှ ထသည်"ဟု ခေါ်သည်။ သမာပတ်မှထသည့်အခါ အနာဂါမ်ဖြစ်လျှင် အနာဂါမိဖိုလ်စိတ် ရဟန္တာဖြစ်လျှင် အရဟတ္တဖိုလ်စိတ်များ တစ်ကြိမ်ပေါပြီးနောက်...

နိမ္မာနရတိဘုံ

မိမိဖန်ဆင်းသော စည်းစိမ်၌ မွေ့လျော်ခြင်း ရှိကြသော နတ်တို့ ဖြစ်ရာ ဘုံ။

နီဝရဏ

ဈာန်, မဂ်, ဖိုလ်တို့ကို မဖြစ်အောင် တားမြစ်ပိတ်ပင်တတ်သော တရားတို့ကို "နီဝရဏ"ဟု ခေါ်သည်။

နတ်ပြည် ၆ ထပ်

၁။စာတုမဟာရာဇ်၊ ၂။တာဝတိံသာ၊၃။ယာမာ၊၄။တုသိတာ၊န၅။နိမ္မာနရတိ၊၆။ပရနိမ္မိတဝသဝတ္တီ။

နိရောဓသမာပတ် ဝင်စားသူ

စိတ်, စေတသိက်, စိတ္တဇရုပ်တို့၏ ချုပ်ငြိမ်းမှုသို့ ရောက်နေသူ။ (နိရောဓသမာပတ်မှ ထသောအခါ အနာဂါမ်ပုဂ္ဂိုလ်မှာ အနာဂါမိဖိုလ်ဇော တစ်ကြိမ်ဖြစ်သည်၊ ရဟန္တာပုဂ္ဂိုလ်မှာ အရဟတ္ထဖိုလ်ဇော တစ်ကြိမ် ဖြစ်သည်၊ ထို့နောက် ဘဝင် ကျသည်၊ ဘဝင်နောက်မှာ...