ဓမ္မာနုပဿနာသတိပဋ္ဌာန်၁

by | Jun 9, 2022 | ဓ | 0 comments

တရားသဘောတို့ကို အောက်မေ့ခြင်းသည် ဓမ္မာနုပဿနာ မည်၏။

ဓာတ်၂

မိမိသဘောကို ဆောင်တတ်သော တရား၊ မိမိသဘောလက္ခဏာအတိုင်း ထင်ရှားစွာ ဖြစ်တတ်သော တရား။

ဓမ္မဓာတ် ၁

မိမိသဘောကို ဆောင်တတ်သော၊ မိမိသဘောလက္ခဏာအတိုင်း ထင်ရှားစွာ ဖြစ်တတ်သော သိဖွယ်တရားသဘော။