ဒဿနကိစ္စကို ဆောင်ရွက်သော စိတ် ၂ ပါး

by | Jun 9, 2022 | | 0 comments

စက္ခုဝိညာဏ်စိတ် ၂ ပါး(စက္ခုဝိညာဏ်ဒွေး) ဖြစ်သည်။ (စက္ခုဝိညာဏ်ဒွေးကိုလည်း ရှု။)

ဒေါမနဿ ၂

ဒေါသမူဒွေး၌ ရှိသော ဝေဒနာစေတသိက်။

ဒေါမနဿ ၁

စိတ်ဆင်းရဲမှု၊ နှလုံး မသာယာမှုသည် "ဒေါမနဿ" မည်၏။

ဒေါစတုက်

ဒေါသစေတသိက်ဦးစီးသော အကုသိုလ်စေတသိက်လေးပါးအပေါင်း။

ဒိဋ္ဌာသဝ ၁

မှားယွင်းသော အယူ ဟူသော ဒိဋ္ဌိသည် စိမ်ရည်အရက်နှင့် တူသောကြောင့် ဒိဋ္ဌာသဝမည်၏။

ဒိဋ္ဌာနုသယ ၁

ဒိဋ္ဌိသည်ပင် သတ္တဝါတို့၏ သန္တာန်၌ အစဉ်တစိုက် ကိန်းအောင်းပါဝင်နေသောကြောင့် ဒိဋ္ဌာနုသယ မည်၏။