ဇီဝိတိန္ဒြေ

by | Jun 9, 2022 | | 0 comments

ယှဉ်တွဲဖြစ်ဖက် တရားတို့ကို အသက်ရှည်အောင် စောင့်ရှောက်ခြင်းသဘော၊ ယှဉ်တွဲဖြစ်ဖက် တရားတို့ကို လွှမ်းမိုးခြင်းသဘော။

ဇိဝှါဝိညာဏဝီထိ

ဇိဝှါဝိညာဏ်နှင့် စပ်သော စိတ်အစဉ်အတန်း၊ စိတ်အဆက်ဆက်။ဇိဝှါဝိညာဏ်နှင့် ဆက်စပ်သော စိတ်အစဉ်အတန်းဟူသည် ဇိဝှါဒွါရဝီထိစိတ်တို့ပင်...

ဇိဝှါဒွါရိကစိတ် ၄၆ ပါး

အကုသိုလ်စိတ် ၁၂ ပါး၊ ဇိဝှါဝိညာဏ်စိတ် ၂ ပါး၊ သမ္ပဋိစ္ဆိုန်းစိတ် ၂ ပါး၊ သန္တီရဏစိတ် ၃ ပါး၊ အဟိတ်ကြိယာစိတ် ၃ ပါး၊ ကာမာဝစရသောဘနစိတ် ၂၄ ပါး၊ ပေါင်း ၄၆ ပါး။(အကုသိုလ်စိတ် ၁၂ ပါး-စသည်ကို ဆိုင်ရာ ခေါင်းစဉ်၌...

ဇရာမရဏ ၁

အိုခြင်းသည် "ဇရာ" မည်၏၊ သေခြင်းသည် "မရဏ" မည်၏။

ဇိဝှါဝိညာဏဓာတ် ၁

မိမိသဘောကို ဆောင်တတ်သော၊ မိမိသဘောလက္ခဏာအတိုင်း ထင်ရှားစွာ ဖြစ်တတ်သော လျက်သိစိတ်။

ဇီဝိတိန္ဒြေ ၁

အတူတကွ ဖြစ်ဖက် ရုပ်နာမ်တရားတို့ကို အစိုးတရ စောင့်ရှောက်တတ်သော သဘောတရား။