ဇိဝှါဝိညာဏဝီထိ

by | Jun 9, 2022 | | 0 comments

ဇိဝှါဝိညာဏ်နှင့် စပ်သော စိတ်အစဉ်အတန်း၊ စိတ်အဆက်ဆက်။ဇိဝှါဝိညာဏ်နှင့် ဆက်စပ်သော စိတ်အစဉ်အတန်းဟူသည် ဇိဝှါဒွါရဝီထိစိတ်တို့ပင် ဖြစ်သည်။

ဇိဝှါဝိညာဏဓာတ် ၁

မိမိသဘောကို ဆောင်တတ်သော၊ မိမိသဘောလက္ခဏာအတိုင်း ထင်ရှားစွာ ဖြစ်တတ်သော လျက်သိစိတ်။

ဇရာမရဏ ၂

လောကီဝိပါက်စိတ်, စေတသိက်, ကမ္မဇရုပ်တို့၏ ရင့်ခြင်း ဌီခဏနှင့် ပျက်ခြင်းဘင်ခဏ။

ဇဝနဝါရ

ဇောအဆုံးရှိသော ဝီထိစိတ်တို့၏ အလှည့်အကြိမ်ကို ပြသော မဟန္တာရုံဝီထိကို "ဇဝနဝါရ"ဟု ခေါ်သည်။

ဇိဝှါဝိညာဏ် ဒွေး ၂

၁။အကုသလဝိပါက် ဥပေက္ခာသဟဂုတ် ဇိဝှါဝိညာဏ်၊ ၂။အဟိတ်ကုသလဝိပါက် ဥပေက္ခာသဟဂုတ် ဇိဝှါဝိညာဏ်။