စိတ္တဇရုပ်

by | Jun 9, 2022 | | 0 comments

စိတ်ကြောင့်ဖြစ်သော ရုပ်။ (အရူပဝိပါက် ၄-ပါးနှင့် ဒွေးပဉ္စဝိညာဉ် ၁၀-မှတစ်ပါး ၇၅-ပါးသော စိတ်တို့သည် ပဋိသန္ဓေနောင် ပထမဘဝင်၏ ဥပါဒ်မှစ၍ မိမိတို့၏ ဥပါဒ်ခဏ ဥပါဒ်ခဏမှာသာ ရုပ်ကို ဖြစ်စေသည်၊ ယင်းစိတ်ကြောင့်ဖြစ်သော ရုပ်ကို “စိတ္တဇရုပ်”ဟု ခေါ်သည်။ စိတ္တဇရုပ်တို့သည် ပဋိသန္ဓေနောင် ပထမဘဝင်၏ ဥပါဒ်မှစ၍ ရုပ်ကို ဖြစ်စေနိုင်သော စိတ်တို့၏ ဥပါဒ်တိုင်းဥပါဒ်တိုင်းမှာ ဖြစ်ကြသည်။)

စက္ခုဝိညာဏ် ဒွေး ၁

ဒွေးဟူသည် နှစ်(၂) ဟု အဓိပ္ပါယ်ရသည်။ ထို့ကြောင့် စက္ခုဝိညာဏ်ဒွေးဟူသည် စက္ခုဝိညာဏ် ၂ ပါး-ဟု...

စိတ္တဝိသုဒ္ဓိ

ဥပစာရဘာဝနာ၊အပ္ပနာဘာဝနာသို့ ရောက်သော စိတ်အစဉ်သည် နီဝရဏ၊ ကိလေသာအနောက်အကျုတို့မှ ကင်းဝေး၏၊ သန့်ရှင်းစင်ကြယ်၏၊ ထို့ကြောင့် ထိုစိတ်အစဉ်ကို "စိတ္တဝိသုဒ္ဓိ"ဟု...

စိတ္တဇကလာပ် ၆ စည်း

၁။သုဒ္ဓဋ္ဌကကလာပ်၊၂။ကာယဝိညတ္တိနဝကကလာပ်၊ ၃။ဝစီဝိညတ္တိဒသကကလာပ်၊ ၄။လဟုတာဒေကာဒသကကလာပ်၊၅။ကာယဝိညတ္တိလဟုတာဒိဒွါဒသကကလာပ်၊ ၆။ဝစီဝိညတ္တိသဒ္ဒလဟုတာဒိတေရသကကလာပ်။ (စိတ်ကြောင့်ဖြစ်သော ရုပ် ၁၅ ပါးမှ အဝိနိဗ္ဘောဂရုပ် ၈ ပါးကို သုဒ္ဓဋ္ဌကကလာပ်ဟု ခေါ်သည်။ ထိုသုဒ္ဓဋ္ဌကကလာပ်ကို ကာယဝိညတ်နှင့်...