၁။သုဒ္ဓဋ္ဌကကလာပ်၊၂။ကာယဝိညတ္တိနဝကကလာပ်၊ ၃။ဝစီဝိညတ္တိဒသကကလာပ်၊ ၄။လဟုတာဒေကာဒသကကလာပ်၊၅။ကာယဝိညတ္တိလဟုတာဒိဒွါဒသကကလာပ်၊ ၆။ဝစီဝိညတ္တိသဒ္ဒလဟုတာဒိတေရသကကလာပ်။ (စိတ်ကြောင့်ဖြစ်သော ရုပ် ၁၅ ပါးမှ အဝိနိဗ္ဘောဂရုပ် ၈ ပါးကို သုဒ္ဓဋ္ဌကကလာပ်ဟု ခေါ်သည်။ ထိုသုဒ္ဓဋ္ဌကကလာပ်ကို ကာယဝိညတ်နှင့် ပေါင်းစည်းသော် ကာယဝိညတ္တိနဝကကလာပ်ဟု ခေါ်သည်၊ ဝစီဝိညတ်နှင့် သဒ္ဒရုပ်ပေါင်းစည်းသော် ဝစီဝိညတ္တိဒသကကလာပ်ဟု ခေါ်သည်၊ လဟုတာဒိ ၃ ပါးနှင့်ပေါင်းစည်းသော် လဟုတာဒေကာဒသကကလာပ်ဟု ခေါ်သည်၊ ကာယဝိညတ်နှင့် လဟုတာဒေကာဒသကကလာပ်ကို ပေါင်းစည်း၍ ကာယဝိညတ္တိလဟုတာဒိဒွါဒသကကလာပ်ဟု ခေါ်သည်၊ ဝစီဝိညတ်၊ သဒ္ဒရုပ်နှင့် လဟုတာဒေကာဒသကကလာပ်ကို ပေါင်းစည်း၍ ဝစီဝိညတ္တိသဒ္ဒလဟုတာဒိတေရသကကလာပ်ဟု ခေါ်သည်။ စုစုပေါင်းသော် ကလာပ်စည်း ၆ ခု ရှိသည်။)
စက္ခုပသာဒ
မျက်စိအကြည်ဓာတ်ကို "စက္ခုပသာဒ"ဟု ခေါ်သည်၊ ထိုစက္ခုပသာဒသည် မျက်လုံးအတွင်း မျက်နက်ဝန်းအလယ် သူငယ်ရိပ်ထင်ရာ အရပ်၌ ပျံ့နံှ့လျက် ဖြစ်,ပျက်...