ဂေါတြဘု ၁

by | Jun 9, 2022 | | 0 comments

ဂေါတြဘု-ဟူသည် ကာမအနွယ်ကို လွှမ်းမိုးတတ်သော၊ ပုထုဇဉ်အနွယ်ကို ဖြတ်တတ်သော စိတ် ဖြစ်သည်။

ဂေါတြဘု ၂

မဟာကုသိုလ်မဟာကြိယာဉာဏသမ္ပယုတ်ဇောစိတ် ၈ ပါးတွင် တစ်ပါးပါး။

ဂန္ဓဓာတ် ၁

မိမိသဘောကို ဆောင်တတ်သော၊ မိမိသဘောလက္ခဏာအတိုင်း ထင်ရှားစွာ ဖြစ်တတ်သော အနံ့။

ဂတိနိမိတ် ၂ ပါး

၁။ဥပလဘိတဗ္ဗဂတိနိမိတ်၊ ၂။ဥပဘောဂဂတိနိမိတ်။(၎င်းတို့၏ အဓိပ္ပါယ်ကို ဆိုင်ရာ ခေါင်းစဉ်၌ ရှုပါ။)

ဂေါစရရုပ်

စက္ခုဝိညာဏ်-စသည်ငါးပါးတို့၏ ကျက်စားရာ အာရုံ ဖြစ်သော ရုပ်များ။