ဂရုက ကံ

by | Jun 9, 2022 | | 0 comments

ပင်ကိုအားဖြင့် ကြီးလေးသော မဟဂ္ဂုတ်ကုသိုလ်ကံများနှင့် ပဉ္စာနန္တရိယကံများကို “ဂရုက ကံ”ဟု ခေါ်သည်။

ဂေါစရဂ္ဂါဟကရုပ်

အာရုံကို ယူတတ်သော ရုပ်များ။ (အာရုံကို ယူတတ်သောကြောင့် ပသာဒရုပ် ၅-ပါးကိုပင် "ဂေါစရဂ္ဂါဟကရုပ်"ဟု ခေါ်သည်၊ သို့သော် ရုပ်သည်ကား အာရုံကိုမယူတတ်ပါ၊ စက္ခုဝိညာဏ်စသော ဝိညာဏစိတ်များကသာ အာရုံကို ယူတတ်၏။ ထို့ကြောင့် စက္ခုဝိညာဏ်စသော ဝိညာဏစိတ်များကသာ မုချအားဖြင့် ဂေါစရဂ္ဂါဟကဟု...

ဂန္ဓဓာတ် ၁

မိမိသဘောကို ဆောင်တတ်သော၊ မိမိသဘောလက္ခဏာအတိုင်း ထင်ရှားစွာ ဖြစ်တတ်သော အနံ့။

ဂေါစရရုပ်

စက္ခုဝိညာဏ်-စသည်ငါးပါးတို့၏ ကျက်စားရာ အာရုံ ဖြစ်သော ရုပ်များ။