ကံ ၄ ပါး

by | Jun 9, 2022 | က | 0 comments

၁။ဇနက ကံ၊ ၂။ဥပတ္ထမ္ဘက ကံ၊ ၃။ဥပပီဠက ကံ၊ ၄။ဥပဃာတက ကံ။(၎င်းတို့၏ အဓိပ္ပါယ်ကို ဆိုင်ရာ ခေါင်းစဉ်၌ ရှုပါ။)

ကမ္မနိမိတ်

ကံပြုစဉ်တုန်းက တွေ့ကြုံရသမျှသော အာရုံများကို "ကမ္မနိမိတ်"ဟု ခေါ်သည်၊ (ကမ္မ- ကံ+နိမိတ္တ-အာရုံ)။

ကာယလဟုတာ

ဝေဒနာ-စသော စေတသိက်အပေါင်း၏ လျင်မြန် ပေါ့ပါးခြင်းသဘော။

ကာမာဝစရကုသိုလ်စိတ်

ကာမာဝစရဖြစ်သော ကုသိုလ်စိတ်။ မဟာကုသိုလ်စိတ် ၈ ပါးကိုပင် ကာမာဝစရကုသိုလ်စိတ်-ဟု ခေါ်သည်။

ကမ္မဘဝနှင့် သင်္ခါရ

ကုသိုလ်ကံ, အကုသိုလ်ကံကို ပြုလုပ်ရာ၌ အထမမြောက်မီ ရှေ့အဖို့၌ဖြစ်သော ပုဗ္ဗစေတနာသည် "သင်္ခါရ" မည်၏၊ အထမြောက်သော မုဉ္စစေတနာသည် "ကမ္မဘဝ"...

ကောလံကောလသောတာပန်

သက္ကာယဒိဋ္ဌိနှင့် ဝိစိကိစ္ဆာကို ပယ်ဖြတ်သဖြင့် သောတာပန်ဖြစ်ပြီးနောက် အမျိုးကောင်းတစ်ခုမှ အမျိုးကောင်းတစ်ခုသို့ ကူးပြောင်း၍ ပဋိသန္ဓေနေသူ၊ ကာမဘုံ၌ ၂-ကြိမ်မှ ၆-ကြိမ်တိုင်အောင် ပဋိသန္ဓေနေနိုင်သည်၊ ထို့နောက် ရဟန္တာ...