ကံအာရုံ

by | Jun 9, 2022 | က | 0 comments

ပဋိသန္ဓေကျိုးကို ပေးတော့မည်ဖြစ်သော ကံသည်ပင်လျှင် မိမိကို အသစ်ပြုပြင်သည်၏ အစွမ်းဖြင့် (ယခုလက်တလော ပြုနေရသလို) စိတ်အာရုံ၌ ပေါ်လွင်ထင်လာတတ်သည်။ ၎င်းကို ကံအာရုံဟု ခေါ်သည်။

ကပ်

သတ်မှတ်ထားသော ကာလတစ်ခုကို ကပ်-ဟု ခေါ်သည်။ အသက်တမ်းအားဖြင့် ပိုင်းခြားသတ်မှတ်ထားသော ကာလကို အာယုကပ်-ဟု ခေါ်သည်။ အသက်အသင်္ချေယျတမ်းမှ ဆယ်နှစ်တမ်း၊ ဆယ်နှစ်တမ်းမှ အသင်္ချေယျတမ်းဟူသော ဆုတ်ကပ် တက်ကပ်တစ်စုံသည် အန္တရကပ်တစ်ခု၊ ထိုအန္တရကပ် ၆၄ ခုသည် အသင်္ချေယျကပ်တစ်ခု၊...

ကာယပါဂုညတာ

ဝေဒနာစသော စေတသိက်အပေါင်း၏ ကုသိုလ်ကောင်းမှုမှာ ပြွမ်းတီး လေ့လာခြင်း သဘော။(ပြွမ်းတီးဟူသည် အထစ်အငေါ့ မရှိခြင်း၊ ရင်းနှီးကျွမ်းဝင်ခြင်းဟု အဓိပ္ပါယ်ရသည်။(လက်ပွန်းတတီး)။ အဝါးဝစွာ လေ့လာထားသော ကြောင့် ပြွမ်းတီးခြင်း...

ကာယဝိညာဏဓာတ် ၁

မိမိသဘောကို ဆောင်တတ်သော၊ မိမိသဘောလက္ခဏာအတိုင်း ထင်ရှားစွာ ဖြစ်တတ်သော ထိသိစိတ်။