လူတို့၏ လုပ်ငန်းကို “ကိစ္စ” ခေါ်၍ အလုပ်ရုံကို “ဌာန” ခေါ်သကဲ့သို့ ထို့အတူ စိတ်တည်းဟူသော ပရမတ္ထတရား၏ ပဋိသန္ဓိ (ဘဝဟောင်းနှင့် ဘဝသစ်ကို ဆက်စပ်ပေးခြင်း)စသော အခြင်းအရာ လုပ်ငန်း အရပ်ရပ်ကို “ကိစ္စ”ဟု ခေါ်သည်။
ကမ္မဇကလာပ် ၉ စည်း
၁။ဇီဝိတနဝကကလာပ်၊ ၂။စက္ခုဒသက ကလာပ်၊ ၃။သောတဒသက ကလာပ်၊ ၄။ဃာနဒသက ကလာပ်၊ ၅။ဇိဝှါဒသက ကလာပ်၊ ၆။ကာယဒသက ကလာပ်၊ ၇။ပုမ္ဘာဝဒသက ကလာပ်၊ ၈။ဣတ္ထိဘာဝဒသက ကလာပ်၊ ၉။ဝတ္ထုဒသက ကလာပ်။(ကံကြောင့်ဖြစ်သော ရုပ် ၁၈ ပါးမှ ဇီဝိတရုပ်နှင့် အဝိနိဗ္ဘောဂရုပ် ၈ ပါးကို ပေါင်းစည်း၍ ဇီဝိတနဝကကလာပ်ဟု ခေါ်သည်။...
