ကာယာနုပဿနာသတိပဋ္ဌာန် ၁

by | Jun 9, 2022 | က | 0 comments

ကာယမည်သော စက်ဆုပ်ဖွယ် ဆံအစရှိသည်တို့ ဖြစ်ရာ အတ္တဘောကို အဖန်တလဲလဲ စီးဖြန်းခြင်းအားဖြင့် အောက်မေ့ခြင်းသည် ကာယာနုပဿနာမည်၏။ တစ်နည်းအားဖြင့် ထွက်သက် ဝင်သက်တို့၏ အပေါင်းကို အဖန်တလဲလဲ စီးဖြန်းခြင်းအားဖြင့် အောက်မေ့ခြင်းသည် ကာယာနုပဿနာ မည်၏။

ကာယဝိညတ်

လက်ခြေမျက်နှာ စသော ကိုယ်ဖြင့် သိစေတတ်သော အမူအရာထူးသည် "ကာယဝိညတ်" မည်၏။

ကမ္မဇကလာပ် ၉ စည်း

၁။ဇီဝိတနဝကကလာပ်၊ ၂။စက္ခုဒသက ကလာပ်၊ ၃။သောတဒသက ကလာပ်၊ ၄။ဃာနဒသက ကလာပ်၊ ၅။ဇိဝှါဒသက ကလာပ်၊ ၆။ကာယဒသက ကလာပ်၊ ၇။ပုမ္ဘာဝဒသက ကလာပ်၊ ၈။ဣတ္ထိဘာဝဒသက ကလာပ်၊ ၉။ဝတ္ထုဒသက ကလာပ်။(ကံကြောင့်ဖြစ်သော ရုပ် ၁၈ ပါးမှ ဇီဝိတရုပ်နှင့် အဝိနိဗ္ဘောဂရုပ် ၈ ပါးကို ပေါင်းစည်း၍ ဇီဝိတနဝကကလာပ်ဟု ခေါ်သည်။...

ကာမောဃ ၂

လောဘမူစိတ် ၈-ပါး၌ရှိသော လောဘစေတသိက်။

ကံ ၄ ပါး(တစ်နည်း)

၁။အကုသိုလ်ကံ၊ ၂။ ကာမာဝစရကုသိုလ်ကံ၊ ၂။ရူပါဝစရကုသိုလ်ကံ၊ ၂။အရူပါဝစရကုသိုလ်ကံ။(၎င်းတို့၏ အဓိပ္ပါယ်ကို ဆိုင်ရာ ခေါင်းစဉ်၌...

ကြိယာစိတ် ၂၀

အဟိတ်ကြိယာစိတ် ၃ ပါး၊မဟာကြိယာစိတ် ဂ ပါး၊ရပါဝစရကြိယာစိတ် ၅ ပါး၊အရူပါဝစရကြိယာစိတ် ၄ ပါး၊ပေါင်း ၂၀။