ကိုယ်အကြည်ဓာတ်ကို “ကာယပသာဒ”ဟု ခေါ်သည်၊ ထိုကာယပသာဒသည် အသားမာ, ခြောက်နေသော အရေ, ခြေသည်းဖျား, လက်သည်းဖျား, ဆံပင်ဖျား, အမွေးဖျားများတို့မှ တစ်ပါး ကျန်တစ်ကိုယ်လုံး၌ ပျံ့နှံ့ ဖြစ်တည်နေသည်။
ကုသိုလ်စိတ်
အပြစ်ကင်းသော စိတ်။တစ်နည်း- ကောင်းသော အကျိုးကို ပေးသော စိတ်။