ကာမာသဝ ၁

by | Jun 9, 2022 | က | 0 comments

ဝတ္ထုအာရုံ ကာမဂုဏ်၌ တပ်မက်တတ်သော တဏှာသည် ယစ်မူးစေတတ်သော စိမ်ရည် အရက်နှင့်တူသောကြောင့် “ကာမာသဝ”မည်၏။

ကမ္မဘဝ ၁

ဥပါဒါနပစ္စယာ ဘဝေါဟူရာ၌ ဥပါဒါန်ကြောင့် ဖြစ်သော ဘဝသည် ကမ္မဘဝသာ ဖြစ်၏။ ခန္ဓာဟူသော အကျိုးကို ဖြစ်ပေါ်စေတတ်သော စေတနာသည်ပင် ကမ္မဘဝမည်၏။ ထိုထိုကုသိုလ်ကံ, အကုသိုလ်ကံကို ပြုလုပ်ရာ၌ အထမမြောက်မီ ရှေ့အဖို့၌ဖြစ်သော ပုဗ္ဗစေတနာသည် "သင်္ခါရ" မည်၏၊ အထမြောက်သော မုဉ္စစေတနာသည် "ကမ္မဘဝ"...

ကုသိုလ်မနောကံ ၃ ပါး

၁။ အနဘိဇ္ဈာ၊ ၂။ အဗျာပါဒ၊ ၃။ သမ္မာဒိဋ္ဌိ။ အနဘိဇ္ဈာ။ (အနဘိဇ္ဈာ-စသည်၏ အဓိပ္ပါယ်ကို ဆိုင်ရာ ခေါင်းစဉ်၌...

ကာမာဝစရကုသိုလ်စိတ်

ကာမာဝစရဖြစ်သော ကုသိုလ်စိတ်။ မဟာကုသိုလ်စိတ် ၈ ပါးကိုပင် ကာမာဝစရကုသိုလ်စိတ်-ဟု ခေါ်သည်။

ကာယိန္ဒြေ ၁

ထိတွေ့ခြင်းကို လွှမ်းမိုးထားသော ကိုယ်အကြည်ဓာတ်။