၁။မဟာကုသိုလ်စိတ် ဂ ပါး၊မဟာဝိပါက်စိတ် ဂ ပါး၊မဟာကြိယာစိတ် ဂ ပါး၊ပေါင်း ၂၄ ပါး။ (မဟာကုသိုလ်စိတ် ဂ ပါး-စသည်ကို ဆိင်ရာ ခေါင်းစဉ်၌ ရှုပါ။)
ကမ္မဘဝ ၁
ဥပါဒါနပစ္စယာ ဘဝေါဟူရာ၌ ဥပါဒါန်ကြောင့် ဖြစ်သော ဘဝသည် ကမ္မဘဝသာ ဖြစ်၏။ ခန္ဓာဟူသော အကျိုးကို ဖြစ်ပေါ်စေတတ်သော စေတနာသည်ပင် ကမ္မဘဝမည်၏။ ထိုထိုကုသိုလ်ကံ, အကုသိုလ်ကံကို ပြုလုပ်ရာ၌ အထမမြောက်မီ ရှေ့အဖို့၌ဖြစ်သော ပုဗ္ဗစေတနာသည် "သင်္ခါရ" မည်၏၊ အထမြောက်သော မုဉ္စစေတနာသည် "ကမ္မဘဝ"...