ကာမယောဂ ၁

by | Jun 9, 2022 | က | 0 comments

ဝတ္ထုအာရုံ ကာမဂုဏ်၌ တပ်မက်တတ်သော တဏှာသည် သတ္တဝါတို့ကို ဝဋ်ဆင်းရဲ၌ ခိုင်မြဲစွာ စပ်ဟပ်ပေးတတ်သောကြောင့် ကာမယောဂမည်၏။

ကာယပသာဒ

ကိုယ်အကြည်ဓာတ်ကို "ကာယပသာဒ"ဟု ခေါ်သည်၊ ထိုကာယပသာဒသည် အသားမာ, ခြောက်နေသော အရေ, ခြေသည်းဖျား, လက်သည်းဖျား, ဆံပင်ဖျား, အမွေးဖျားများတို့မှ တစ်ပါး ကျန်တစ်ကိုယ်လုံး၌ ပျံ့နှံ့...

ကာမရာဂါနုသယ ၁

ဝတ္ထုအာရုံ ကာမဂုဏ်၌ တပ်မက်တတ်သော တဏှာသည် သတ္တဝါတို့၏ သန္တာန်၌ အစဉ်တစိုက် ကိန်းအောင်း ပါဝင်နေသောကြောင့် ကာမရာဂါနုသယ...

ကပ်

သတ်မှတ်ထားသော ကာလတစ်ခုကို ကပ်-ဟု ခေါ်သည်။ အသက်တမ်းအားဖြင့် ပိုင်းခြားသတ်မှတ်ထားသော ကာလကို အာယုကပ်-ဟု ခေါ်သည်။ အသက်အသင်္ချေယျတမ်းမှ ဆယ်နှစ်တမ်း၊ ဆယ်နှစ်တမ်းမှ အသင်္ချေယျတမ်းဟူသော ဆုတ်ကပ် တက်ကပ်တစ်စုံသည် အန္တရကပ်တစ်ခု၊ ထိုအန္တရကပ် ၆၄ ခုသည် အသင်္ချေယျကပ်တစ်ခု၊...

ကာမာဝစရကုသိုလ်စိတ်

ကာမာဝစရဖြစ်သော ကုသိုလ်စိတ်။ မဟာကုသိုလ်စိတ် ၈ ပါးကိုပင် ကာမာဝစရကုသိုလ်စိတ်-ဟု ခေါ်သည်။

ကမ္မနိမိတ်

ကံပြုစဉ်တုန်းက တွေ့ကြုံရသမျှသော အာရုံများကို "ကမ္မနိမိတ်"ဟု ခေါ်သည်၊ (ကမ္မ- ကံ+နိမိတ္တ-အာရုံ)။