ကသိဏဈာန်(ကသိုဏ်းဈာန်)

by | Jun 9, 2022 | က | 0 comments

ကသိုဏ်းပဋိဘာဂနိမိတ်(ပုံရိပ်)ကို အာရုံပြု၍ ရရှိသော ဈာန်ကိုလည်း အဆင့်ဆင့် တင်စားသောအားဖြင့် (ကာရဏူပစာအားဖြင့်) “ကသိဏဈာန်”ဟုပင် ခေါ်သည်။

ကမ္မပစ္စယော

ကံ (စိတ်၏ ကြောင့်ကြစိုက်မှု အမူအရာ) အဖြစ်ဖြင့် ကျေးဇူးပြု တတ်သော တရား။

ကာယဝိညာဏ်

ကာယဝိညာဏ်-ဟူသော ပုဒ်သည် ကာယ+ဝိညာဏ-ဟူသော ပုဒ်တို့မှ ဆင်းသက်လာသော ပုဒ် ဖြစ်သည်။ ကာယ= ကိုယ်ပေါ်၌ (ဖြစ်ပေါ်လာသော)၊ ဝိညာဏ=...

ကရုဏာ

ဒုက္ခရောက်နေသော သူကို အာရုံပြု၍ သနားခြင်းသဘော။

ကမ္မဇကလာပ် ၉ စည်း

၁။ဇီဝိတနဝကကလာပ်၊ ၂။စက္ခုဒသက ကလာပ်၊ ၃။သောတဒသက ကလာပ်၊ ၄။ဃာနဒသက ကလာပ်၊ ၅။ဇိဝှါဒသက ကလာပ်၊ ၆။ကာယဒသက ကလာပ်၊ ၇။ပုမ္ဘာဝဒသက ကလာပ်၊ ၈။ဣတ္ထိဘာဝဒသက ကလာပ်၊ ၉။ဝတ္ထုဒသက ကလာပ်။(ကံကြောင့်ဖြစ်သော ရုပ် ၁၈ ပါးမှ ဇီဝိတရုပ်နှင့် အဝိနိဗ္ဘောဂရုပ် ၈ ပါးကို ပေါင်းစည်း၍ ဇီဝိတနဝကကလာပ်ဟု ခေါ်သည်။...